❄️ WINTER NIGHTS : Fresh balsam hint with clove.

​အေးမြတဲ့ဆောင်းရာသီနဲ့လိုက်ဖက်လွန်းတဲ့ ရနံ့လေးကိုဖန်တီးထားခြင်းပါ။ တောင်ပေါ်ဒေသက ကိုကိုချစ်သူတွေအတွက်တော့ မစိမ်းလှပေမယ့် မြေပြန့်မှကိုကိုချစ်သူတွေအတွက်ရနံ့လေး အကြောင်းပြောပြပေးချင်ပါတယ်။

ဒီ Winter Nights လေးကို ထွန်းထားချိန် မျက်လုံးလေးမှိတ်ပြီး ချမ်းအေးတဲ့တောင်ပေါ်ဒေသရဲ့ campတခုမှာ ညချမ်းချိန်ခါ မီးစာလှုံနေတယ်လို့ တွေးတောရှုရှိုက်ကြည့်ပါ။ အဲဒီရနံ့ပါပဲ။

ကျမရှမ်းပြည်ကိုပြန်တိုင်း ထင်းရူးမြို့တော်လို့တင်စားခေါ်ဝေါ်တဲ့ ကလောမြို့လေးမှာ အချိန်တော်တော်များများညအိပ်ဖြစ်ပါတယ်။ တည်းခိုးရာနေရာရဲ့ ညအချိန်အေးချမ်းတိတ်ဆိတ်စွာဖြတ်သန်းလာတဲ့ထင်းရူးတောရဲ့ရနံ့နဲ့ bonfireလို့ခေါ်တဲ့ ထင်းမီးပုံဘေးမှာ ထိုင်ပြီး “Winter Nights” တွေရဲ့ညနက်နက်အရသာခံစားမှုကို မြေပြန့်မှာနေသူ၊ မြို့ပြမှာနေထိုင်သူ ကိုကိုချစ်သူများခံစားရူရှိုက်နိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်။

အစဉ်ကြိုးစားလျက်. . .

မခင်ဆွေ။

Leave a Reply

Your email address will not be published. Required fields are marked *