❄️ WINTER NIGHTS : Fresh balsam hint with clove.

​အေးမြတဲ့ဆောင်းရာသီနဲ့လိုက်ဖက်လွန်းတဲ့ ရနံ့လေးကိုဖန်တီးထားခြင်းပါ။ တောင်ပေါ်ဒေသက ကိုကိုချစ်သူတွေအတွက်တော့ မစိမ်းလှပေမယ့် မြေပြန့်မှကိုကိုချစ်သူတွေအတွက်ရနံ့လေး အကြောင်းပြောပြပေးချင်ပါတယ်။ ဒီ Winter Nights လေးကို ထွန်းထားချိန် မျက်လုံးလေးမှိတ်ပြီး ချမ်းအေးတဲ့တောင်ပေါ်ဒေသရဲ့ campတခုမှာ ညချမ်းချိန်ခါ မီးစာလှုံနေတယ်လို့ တွေးတောရှုရှိုက်ကြည့်ပါ။ အဲဒီရနံ့ပါပဲ။ ကျမရှမ်းပြည်ကိုပြန်တိုင်း ထင်းရူးမြို့တော်လို့တင်စားခေါ်ဝေါ်တဲ့ ကလောမြို့လေးမှာ အချိန်တော်တော်များများညအိပ်ဖြစ်ပါတယ်။ တည်းခိုးရာနေရာရဲ့ ညအချိန်အေးချမ်းတိတ်ဆိတ်စွာဖြတ်သန်းလာတဲ့ထင်းရူးတောရဲ့ရနံ့နဲ့ bonfireလို့ခေါ်တဲ့ ထင်းမီးပုံဘေးမှာ ထိုင်ပြီး “Winter Nights” […]