မြန်မာ့မြေလတ်ဒေသရဲ့ ပိတောက်တွေနဲ့အပြိုင် နွေဦးပန်းရနံ့ လို့ဆိုလိုက်တာနဲ့ မျက်လုံးထဲရော နှာခေါင်းထဲပါ စကားဝါပန်းရနံ့သင်းသင်းလေးတွေ အလိုလိုရောက်ရှိလာမှာ မလွဲမသွေပါ။ ပုပ္ပါးတောင်စကားဝါမြေမှ အတိတ်ပုံရိပ်ဟောင်းတွေနဲ့ အမှတ်ရမှုတွေဟာ ကိုကိုချစ်သူတဦးစီတိုင်းရဲ့ ကိုယ်တိုင်ရေး ဇာတ်လမ်း၊မှတ်တမ်းတွေပါ။ ကျမကတော့ ဒီစကားဝါပန်းရနံ့လေးကို ပုပ္ပါးမြေ (မြေလတ်သူ/သား) တို့အတွက်အမှတ်တရ ဖေါ်ကျူးပေးထားရုံပါပဲ။ သင်ရော ကိုကို့လိုစကားဝါမြေ အတိတ်ပုံပြင်ဟောင်းတွေရှိရင် ရင်ထဲပေါ့သွားအောင် မျှဝေပေးပါအုံး။ 💓🤩💓 အစဉ်အမြဲကြိုးစားလျက်…..မခင်ဆွေ။
“Our founder, Ma Khin Swe, talking about Inya Walk scent and all about her nose evaluations for future journeys.”
အင်းလျားလမ်းကို ညဦးပိုင်းချိန်ခါ တော်တော်များများရောက်ဖြစ်ပါတယ်။ တခါတခါ မနက်အာရုံတက်ချိန် ဝေလီဝေလင်း… နွေ၊မိုး၊ဆောင်း ဘယ်ရာသီရောက်ရောက် ခြံကျယ်ကြီးတွေနဲ့လမ်းသွယ်များထဲမှ နှာခေါင်းထဲကိုတန်းပြီးတိုးဝင်လာတာကတော့ တတိုင်းမွေးမျိုးနွယ်နဲ့ စံပယ်မျိုးနွယ် ပုံစံမတူရနံ့တွေပါပဲ။ တချို့ခြံဝန်းတွေနားကတော့ နိုင်ငံခြားစံပယ် စူးစူးစိမ်းစိမ်းရနံ့က ရင်ထဲထိကို ထိုးဖောက်ပြီးမွေးပျံ့တယ်လို့ ခံစားရတယ်။ အဲတာကြောင့်ဦးနှောက်ကြည်လင်အောင် အပြင်လေရှု လမ်းလျောက်ပေးရတယ်ဆိုတာ ဆရာဝန်တွေ သိပ္ပံပညာရှင်တွေ အလကားပြောကြားတဲ့စကားမဟုတ်ပါဘူး။ အဲ့အတွက်ကြောင့် ဒီ Inya Walk ရနံ့လေးကို […]