မြန်မာ့မြေလတ်ဒေသရဲ့ ပိတောက်တွေနဲ့အပြိုင် နွေဦးပန်းရနံ့ လို့ဆိုလိုက်တာနဲ့ မျက်လုံးထဲရော နှာခေါင်းထဲပါ စကားဝါပန်းရနံ့သင်းသင်းလေးတွေ အလိုလိုရောက်ရှိလာမှာ မလွဲမသွေပါ။
ပုပ္ပါးတောင်စကားဝါမြေမှ အတိတ်ပုံရိပ်ဟောင်းတွေနဲ့ အမှတ်ရမှုတွေဟာ ကိုကိုချစ်သူတဦးစီတိုင်းရဲ့ ကိုယ်တိုင်ရေး ဇာတ်လမ်း၊မှတ်တမ်းတွေပါ။ ကျမကတော့ ဒီစကားဝါပန်းရနံ့လေးကို ပုပ္ပါးမြေ (မြေလတ်သူ/သား) တို့အတွက်အမှတ်တရ ဖေါ်ကျူးပေးထားရုံပါပဲ။
သင်ရော ကိုကို့လိုစကားဝါမြေ အတိတ်ပုံပြင်ဟောင်းတွေရှိရင် ရင်ထဲပေါ့သွားအောင် မျှဝေပေးပါအုံး။ 💓🤩💓
အစဉ်အမြဲကြိုးစားလျက်…..
မခင်ဆွေ။

