Detox Bath Soak
7,500 Ks – 15,000 Ks
Internal body အတွက် detox juices တွေချည်းပဲသောက်လို့တော့ မပြီးပြည့်စုံနိုင်ပါဘူး။ ကိုယ့်ရဲ့ အဖိုးတန် ခန္ဓာကိုယ်လေးရယ် ခြေတောက် လက်တောက်လေးတွေ နုနုလှလှနဲ့ ပြီးပြည့်စုံအောင်လှပဖို့ external detox လုပ်ဖို့အတွက် KOKO HOME မှ ထုတ်လုပ်တဲ့ Detox Bath Soaks လေးတွေကို ရေနွေးနွေလေးနဲ့ စိမ်ပြီး အနားယူအပန်းဖြေနိုင်တော့မယ်နော်။ Home Spa ချစ်သူများအတွက် အံ့ကိုက်ပဲပေါ့။
Holidays vacay သွားမယ့် ကိုကိုချစ်တို့အတွက် မပါမဖြစ် ယူဆောင်သွားသင့်တယ်လို့ ညွှန်းဆိုချင်တဲ့ ထုတ်ကုန်ကတော့ KOKO’s Detox Bath Soaks ဘူးလေးပါ။ ရခိုင်ပြည်နယ်၊ ကျိန်ကလိကျေးရွာ၊ ငပလီကမ်းခြေဒေသအနီးမှ သဘာဝအခြောက်ခံပင်လယ်ဆားခွဲခြမ်းကို ဆေးဖက်ဝင်ပန်းမံခြောက်များမှထွက်ရှိသောရနံ့များနဲ့ အဆီများပေါင်းစပ်ထုတ်လုပ်ထားလို့ ပြည်တွင်းဖြစ်စစ်စစ် ထုတ်ကုန်ကောင်းတခုပါ။
” အကျိုးကျေးဇူးများ။ ”
🛀🛀🛀 ရေချိုးကန်ရှိသောသူများအတွက် ခန္ဓာကိုယ်တခုလုံးစိမ်၍ အသုံးပြုနိုင်သလို၊ 🦶🦶🦶 မရှိသူများအတွက် ခြေကျင်ဝတ်မြုပ်ရုံစိမ်ပြီး အသုံးပြုနိုင်ပါတယ်။
👤ခန္ဓာကိုယ်အတွက် အသုံးပြုပုံနဲ့ အကျိုးကျေးဇူးများ။
👉ရေချိုးဇလုံအတွင်း တအောင်စလောက်ကို ရေနွေးနွေးလေးနဲ့စပ်ပါ။
👉နာရီဝက်ခန့် ခန္ဓာကိုယ်တခုလုံးမြုပ်အောင်စိမ်ပါ။
👉အကြောများလျော့ပြီး သက်တောင့်သက်သာဖြစ်စေကာ သွေးလည်ပတ်မှုကိုလဲကောင်းမွန်စေပါတယ်။ ရေစိမ်ရင်း ခန္ဓာကိုယ်ကို တိုက်ချွတ်ပေးနိုင်လျင်ပိုမိုကောင်းမွန်ပြီး ဆဲလ်သေများကိုဖယ်ရှားပေးနိုင်ပါတယ်။
👉Mineral ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အရေးအကြောင်းများကိုလဲလျော့ချပြီး အသားအရေတင်းရင်လှပစေနိုင်ပါတယ်။
👉ပါဝင်ပစ္စည်းများဖြစ်သော essential oils နဲ့ vitamin E တို့ရဲ့ အကျိုးရလာဘ်ကတော့ စိတ်ပင်ပန်းနွမ်းနယ်မှုကိုပျောက်ကင်းစေကာ ကြည်လင်းဝင်းပသော အသားအရေကို ပိုင်ဆိုင်ရရှိနိုင်ပါရှင်။
💅👣လက်သည်း၊ ခြေသည်းအတွက် အသုံးပြုပုံနဲ့အကျိုးကျေးဇူးများ။
👉အားကစားသမားများ၊ ခြေဖနောင့်ကွဲတတ်သူများ၊ ကြာကြာမတ်တပ်ရပ်အလုပ်လုပ်သူများ၊ လမ်းများများလျောက်ရသူများ၊ လေးဖက်နာ သွေးတိုးဆီးချိုသမားများအတွက် အထူးအထောက်အကူဖြစ်စေပါတယ်ရှင်။
👉တအောင်စလောက်ကိုရေနွေးနွေးထဲမှာဖျော်စပ်ပြီး ခြေဖမိုးမြုပ်ရုံ ၁၅မိနစ်မှ နာရီဝက်အထိ တပတ် ၂ကြိမ်၊ ၃ကြိမ်လောက် စိမ်ပေးခြင်းအားဖြင့် အဆစ်အမြစ်နာကျင်မှု၊ ကြွက်သားများယောင်ယမ်းမှုနဲ့ ကြွက်တတ်ခြင်းများကိုသက်သာပျောက်ကင်းစေပါတယ်။
👉အမျိုးသမီးများ လက်သည်းနီရောင်ဆိုးပါများလို့ ဝါကျင်ကျင်ဖြစ်နေနဲ့ လက်သည်းခွံ၊ခြေသည်းခွံလေးတွေကို ဖြူဖွေးစေဖို့ သံပုရာသီးတခြမ်းခန့်ကို ညစ်ထည့်ပြီး ၁၅မိခန့်ထားပြီး တိုက်ချွတ်ပေးလိုက်မယ်ဆိုရင် ဖြူဖွေးပြီး စိုပြေတဲ့လက်ချောင်း၊ ခြေချောင်းလေးတွေ ပြန်လည်ရရှိမှာပါ။
Reviews
There are no reviews yet.