Inle Lotus
14,400 Ks – 62,550 Ks
အင်းလေးဒေသမှ ပဒုမ္မာကြာပန်းရနံ့။
မွေးရပ်မြေ ရှမ်းပြည်ဒေသရဲ့ ကမ္ဘာကျော် “အင်းလေးကန်” ၊ ငယ်ငယ်တုန်းကတော့ ရေကြောက်သူမို့ ဖောင်တော်ဦးဘုရားပွဲ သွားချင်စိတ်မှလွဲပြီး အပိုစိတ်မဝင်စားရာ ဒေသ။
အရွယ်ရောက် ပြည်ပမှာ အလုပ်လုပ်နေထိုင်ချိန်မှာတော့ Niche Perfumes တွေနဲ့စတင်နာမည်ကြီးခဲ့တဲ့ နာမည်ကျော် Perfumer တယောက်က “Inle” ဆိုတဲ့ အမည်နဲ့ ရေမွှေးကို ဆယ်စုနှစ်တခုစာလောက် ရင်နှီးခဲ့ပြန်တယ်။ သူကတော့ စံပယ်ပန်းရနံ့လေးကိုအလေးထားပြီး ဖေါ်ကျူးထားပါတယ်။ အာရှအမျိုးသမီးများအကြိုက်တွေ့စေတဲ့ရနံ့ပါ။
ကိုယ်တိုင်ရေမွှေးပညာလေ့လာသင်ယူဆဲကာလများမှာ(ယနေ့အထိလဲ သင်ယူဆဲပါ။) မြန်မာပြည်အနှံ့ခရီးတွေထွက်ဖြစ်ရင် ဒေသထွက် ပန်းရနံ့၊ ဟင်းခပ်အမွှေးအကြိုင်များရဲ့ သစ်မြစ်သစ်ခေါက် ရနံ့တွေကို လေ့လာမှတ်သားမိပါတယ်။ ရှမ်းပြည်တခွင်နဲ့ အင်းကန်ရေပြင်စီ ပြန်ရောက်ပြန်တော့လဲ အမြဲစူးစမ်းပေမယ့် တောရိုင်းပန်းလေးလှလှလေးတွေနဲ့ ဘုရားပန်းအတွက်စိုက်ပျိုးသောပန်းတွေသာ ရှိတတ်ပါတယ်။ ရနံ့မွှေးသောပန်း အလေ့ကျပေါက်ဒေသထွက်ထဲပွင့်ဖူးတာ မရှိသလောက်ပါပဲ။
တကယ်တမ်းကျတော့ အင်းလေးကန်ဟာ မြန်မာပြည်ရဲ့နာမည်ကြီးဒေသဖြစ်တာကတကြောင်း၊ လေးစားအားကျရတဲ့ ရေမွှေးပညာရှင်မှလဲ ရနံ့ဖေါ်ကျူးထားပြီးကတကြောင်း၊ ကိုယ်ကိုယ်တိုင်လဲ ကြိမ်ဖန်များစွာသွားရောက်စူးစမ်းပေမယ့် မသိစိတ်က မထိရဲ၊မတို့ရဲတော့ ဘာရနံ့မှ inspired မဖြစ်၊ အလွယ်နာမည်ပေးလိုမှုကို ရှောင်ရှားချင်စိတ်များနဲ့ နှစ်ပေါင်းအတော်လေးကြာခဲ့မိပါတယ်။
အခုတော့ ” Inle Lotus “ထွက်ပေါ်လာခဲ့ပါပြီ။ အင်းရေပြင်ကိုဖြတ်ပြီး ရာသီချိန်ရောက်ရင် ကျွန်းမျောတွေပေါ် ပွင့်ဖူးဝေနေတဲ့ခရမ်းချဉ်သီးပန်းနဲ့ရွက်နုလေးများရဲ့ရနံ့ နှင့် ပဒုမ္မာကြာပန်းရနံ့သင်းသင်းကို အချိုးကျကျပေါင်းဖက်ထားပါတယ်။
Key notes – Lotus & Aquatic florals, Earthy Musk with hint of Tomato Leaves.
Reviews
There are no reviews yet.