Inya Walk
16,000 Ks – 69,500 Ks
အင်းလျားလမ်းကို ညဦးပိုင်းချိန်ခါ တော်တော်များများရောက်ဖြစ်ပါတယ်။ တခါတခါ မနက်အာရုံတက်ချိန် ဝေလီဝေလင်း…
နွေ၊မိုး၊ဆောင်း ဘယ်ရာသီရောက်ရောက် ခြံကျယ်ကြီးတွေနဲ့လမ်းသွယ်များထဲမှ နှာခေါင်းထဲကိုတန်းပြီးတိုးဝင်လာတာကတော့ တတိုင်းမွေးမျိုးနွယ်နဲ့ စံပယ်မျိုးနွယ် ပုံစံမတူရနံ့တွေပါပဲ။
တချို့ခြံဝန်းတွေနားကတော့ နိုင်ငံခြားစံပယ် စူးစူးစိမ်းစိမ်းရနံ့က ရင်ထဲထိကို ထိုးဖောက်ပြီးမွေးပျံ့တယ်လို့ ခံစားရတယ်။
အဲတာကြောင့်ဦးနှောက်ကြည်လင်အောင် အပြင်လေရှု လမ်းလျောက်ပေးရတယ်ဆိုတာ ဆရာဝန်တွေ သိပ္ပံပညာရှင်တွေ အလကားပြောကြားတဲ့စကားမဟုတ်ပါဘူး။
အဲ့အတွက်ကြောင့် ဒီ Inya Walk ရနံ့လေးကို ဖန်တီးဖြစ်ခြင်းပါ။ မြို့ပြနေထိုင်မှု မွန်းကြပ်မှုတွေပြေပျောက်အောင်ရယ်၊ အလုပ်မအားသူများ တာဝန်တွေပိနေသူများအတွက် အိမ်ထဲမှာပဲနေရင်း KOKO’s Inya Walk လေးက အနည်းနဲ့အများတော့ စိတ်ကြည်လင် လန်းဆန်းမှုကိုပေးနိုင်မယ်လို့မျော်လင့်ပါတယ်။
Reviews
There are no reviews yet.