White Pearl Tuberose
15,000 Ks – 69,500 Ks
– မြန်မာအခေါ် နှင်းပန်းခိုင်လေးပါ။
နှင်းပန်းခိုင်လေးတွေဟာ ကျမတို့မြန်မာပြည်မှာ ရှမ်းပြည်နဲ့ အထက်ပိုင်းဒေသများမှာ စိုက်ပျိုးလေ့ရှိပြီး၊ ဘုရားကပ်လှူပူဇော်ဖို့ တွင်တွင်ကျယ်အသုံးပြုတဲ့ ထုံမွှေးမွှေး ပန်းရနံ့ဖြစ်ပါတယ်။ နှင်းပန်းရဲ့ မူရင်းဒေသဟာ မက်စီကိုနိုင်ငံဖြစ်ပြီး ၁၆ရာစုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအဝှမ်းကိုပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။
ဒီနှင်းပန်းခိုင်လေးတွေကို ကျမကိုယ်ပိုင်တင်စားမှုအနေနဲ့ကတော့ အညာဒေသရဲ့ “မလေးလက်ခတ်သံ နှမပျိုလေးများ”အဖြစ် တင်စားချင်ပါတယ်။ ကိုယ်ပိုင်အစွမ်း ရနံ့ထုံအီမွှေးပျံ့မှုရှိပြီး သင်းသင်းလေး လေထဲကိုပျံ့လွင့်တယ်။ ပင်ကိုယ်ဗီဇ အကြမ်းခံမှုလဲရှိပါတယ်။
အနောက်နိုင်ငံများရဲ့တင်စားအသုံးပြုမှုအယူအဆကတော့ ပကတိငြိမ်းချမ်းခြင်း၊ ဂတိတည်ကြည်မှုအတွက်နဲ့ ဖြူစင်ရိုးသားမှု ဂုဏ်ဒြပ်များကိုဖေါ်ကျူးရာ ပွဲတော်အခမ်းအနားများမှာ အသုံးပြုလေ့ရှိကြပါတယ်။ ဒါကြောင့် သတို့သမီးလေးတွေရဲ့လက်ကိုင်ပန်းအဖြစ်တလဲ၊ သတို့သားလေးနဲ့ အမျိုးသားများရဲ့ ကုတ်အင်္ကျီများတွင် ပန်းထိုးခြင်းများမှာလဲ မင်္ဂလာရှိစွာ အသုံးပြုကြပါတယ်။
ထို့ကြောင့် ကိုကိုမှ ပြည်တွင်းထွက်၊ လူသိနည်းတဲ့ နှင်းပန်းခိုင်ရနံ့လေးကို သီတင်းကျွတ်ပွဲတော် အထူးထုတ်ရနံ့အဖြစ် ဂုဏ်ယူဝင့်ကြွားစွာထုတ်လုပ်လိုက်ပါတယ်ရှင်။
Reviews
There are no reviews yet.